

အိန္ဒိယ ဂြိုဟ်တု အင်္ဂါဂြိုဟ်ကို ပတ်နိုင်ပြီဒေတာကုန်ကျမှုသက်သာအောင် စာသားသက်သက်ဖတ်ရန်ဓာတ်ပုံ ရင်းမြစ်, APဓာတ်ပုံ ပုံစာ, ဘန်ဂလိုးရ်မြို့က ခရီးစဉ် ထိန်းချုပ်ရေး စခန်း၂၄ စက်တင်ဘာ ၂၀၁၄ အင်္ဂါဂြိုဟ်ကို လေ့လာဖို့ အိန္ဒိယ နိုင်ငံက ပို့လွှတ်လိုက်တဲ့ ဂြိုဟ်တုဟာ အခုအခါ အင်္ဂါဂြိုလ်ကို အောင်အောင် မြင်မြင် လှည့်ပတ် သွားနိုင်ပြီ ဖြစ်လို့ အခုလို လွှတ်တင် နိုင်တဲ့ ၄ ခုမြောက် နိုင်ငံ အဖြစ် စာရင်း ဝင်သွားပါတယ်။Mangalyaan လို့ အမည်ပေးထားတဲ့ အဲဒီ ဂြိုဟ်တုဟာ အင်္ဂါဂြိုဟ်ကို ရောက်ရှိသွားတဲ့ အိန္ဒိယရဲ့ ပထမဆုံး အာကာသယာဉ် ဖြစ်ပြီး ကုန်ကျငွေ ဒေါ်လာ ၇၅ သန်းလောက်နဲ့ စျေး အသက်သာဆုံး လွှတ်တင် နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ကမ္ဘာမြေပြင် ကနေ ထွက်သွားအပြီး ၁၀ လ အကြာမှာ အဲဒီ မန်ဂါလီယန်း ဂြိုဟ်တုရဲ့ အင်ဂျင်စက်ကို အရှိန်လျှော့ လိုက်အပြီး ဘန်ဂလိုးရ် မြို့မှာ ရှိတဲ့ ခရီးစဉ် ထိန်းချုပ်ရေး အာကာသစခန်းက ဝန်ထမ်းတွေ လက်ခုပ် သြဘာတီး အောင်ပွဲခံခဲ့ကြပါတယ်။မန်ဂါလီယန်း ယာဉ်ရဲ့ အဓိက အင်ဂျင်စက်ကို ၂၄ မိနစ် ကြာ အရှိန်လျှော့ အပြီးမှာ အင်္ဂါဂြိုဟ်ရဲ့ ဆွဲငင်အားနဲ့ သူ့ရဲ့ ပတ်လမ်းထဲကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။အဲဒီ အာကာသ ထိန်းချုပ်ရေး စခန်းကို ရောက်လာတဲ့ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ ကလည်း ဖြစ်နိုင်ခြေ နည်းလွန်းတဲ့ ကိစ္စကို အောင်မြင်အောင် ဆောင်ရွက် နိုင်ခဲ့ကြောင်း အာကာသ သိပ္ပံ ပညာရှင်တွေကို ဂုဏ်ပြု စကား ပြောခဲ့ပါတယ်။အခုလို အင်္ဂါဂြိုဟ်ကို ဂြိုဟ်တု ပို့လွှတ်မှုကို အမေရိကန်၊ ရုရှားနဲ့ ဥရောပ သမဂ္ဂ တို့ကသာ လုပ်နိုင်ခဲ့ပြီး အခု အိန္ဒိယက သူ့ရဲ့ ပထမဆုံး ကြိုးပမ်းမှုမှာ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ဒီသတင်းနဲ့ ပတ်သက်သမျှထိပ်တန်း သတင်းများဆောင်းပါးအဖတ်များနေသော သတင်းဆောင်းပါးများ၁၂၃၄၅
Lean: n/a · Source quality n/a · Factual vs opinion n/a.
© 2026 Vistoa. All rights reserved.
Limited excerpts, attribution, analysis, and outbound publisher links remain core product boundaries.